Skip to main content

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အားကစားဝါသနာရှင်များ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်

နေပြည်တော် ဒီဇင်ဘာ ၈

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆) မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) မျိုးဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစား ဥယျာဉ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ ပြည်ထောင်စုနယ်မြေနေပြည်တော် အားကစားကွင်း/အားကစားရုံ (ရွှေကြာပင်)၊ ပေါင်းလောင်းအားကစားကွင်း၊ နေပြည်တော်လေ့ကျင့်ရေးကွင်း (၂) (လယ်ဝေး)၊ လယ်ဝေးမြို့နယ် အားကစားကွင်းနှင့် ပျဉ်းမနားမြို့ဘောဂဝတီအားကစားကွင်းတို့၌ ကျင်းပလျက်ရှိသည်။

ပြိုင်ပွဲအသီးသီးသို့ ကြည့်ရှုအားပေးလိုသော အားကစားဝါသနာ ရှင်ပြည်သူများအနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းဂိတ် (၃) ၌လည်းကောင်း၊ ပြိုင်ပွဲကွင်း/ရုံအသီးသီး ဝင်ပေါက်ဂိတ်များ၌ လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ယာဉ်မောင်း လိုင်စင်ဖြင့် ယာယီဝင်ထွက်ကတ်ပြားများကိုလဲလှယ်၍ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်