Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၇

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၃) နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ် (၁၀၆-၇၂) မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ် (၇၀-၆၇)မှတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲအုပ်စု ပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းလေ့ကျင့်ရေးကွင်း (၃)/(၄)တို့တွင် ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုပတ်လည် ပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မွန်ပြည်နယ် အသင်းကိုနှစ်ဂိုး-တစ်ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို လေးဂိုး-သုံးဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ကိုးဂိုး-သုံးဂိုး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ခုနစ် ဂိုး - ငါးဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ရိုက်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၌ကျင်းပရာ အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို သုံးပွဲ-တစ်ပွဲ၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်း ကို နှစ်ပွဲ -တစ်ပွဲ၊ မန္တလေးတိုင်းဒေသ ကြီးအသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲပြတ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲ- တစ်ပွဲ၊ ရခိုင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ် ပွဲ-တစ်ပွဲ၊ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲ - တစ်ပွဲ၊ မွန်ပြည်နယ် အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲ - တစ်ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ - တစ်ပွဲ၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲတစ်ပွဲ၊ မွန်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို နှစ်ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲ

ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမြားပစ်ကွင်း (၁/၂)၌ ကျင်းပရာ အမျိုးသားခရစ်ကတ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၆၇ မှတ်အသာ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ငါးယောက်အသာ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ခြောက်ယောက်အသာ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၁၁၁ မှတ်အသာဖြင့်လည်းကောင်း၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို သုံးယောက်အသာ၊ ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ခြောက်ယောက်အသာ၊ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ယောက်အသာ၊ မွန်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို တစ်ယောက်အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးဂေါက်သီးရိုက်ပွဲကို မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ တစ်ဦးချင်းပြိုင်ပွဲ (အကျောမဲ့)၊ တစ်ဦးချင်းပြိုင်ပွဲ(အကျောပေး)၊ အသင်းလိုက်ပြိုင်ပွဲ (အကျောမဲ့) နှင့် အသင်းလိုက်ပြိုင်ပွဲ (အကျောပေး) ပြိုင်ပွဲများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ လမင်းကိုကိုက ရခိုင်ပြည်နယ်မှ ကျော်စွာမင်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာမိုးက မကွေးတိုင်းဒေသကြီးမှ လဝန်းအောင်ကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ဂင်ရှန်မ္မောင်က ပြည်ထောင်စုနယ်မြေနေပြည်တော်မှ အာကာဖြိုးဝေကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောလှဟန်အေးက မန္တလေးတိုင်းဒေသကြီးမှ ရဲမင်းနိုင်ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား (၇၁) ကီလိုတန်း ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ အောင်မြင့်ထွန်းက တနင်္သာရီတိုင်းဒေသကြီးမှ သက်ကျော်ထွေးကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ထွန်းထွန်းဝင်းက မွန်ပြည်နယ်မှ ဇင်မင်းအောင်ကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ သူရဦးက ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ခိုင်မြင့်အောင်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်ဇင်ထိုက်က ရန်ကုန်တိုင်းဒေသကြီးမှ အံ့ထူးနိုင်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ ဗန်လာတ်ထလျန်ဆန်က မကွေးတိုင်းဒေသကြီးမှ သာလင်းထက်ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောငွေမိုးက ဧရာဝတီတိုင်းဒေသကြီးမှ ငြိမ်းပြည့်စုံကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ 

အမျိုးသမီး (၅၂) ကီလိုတန်း ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ သင်းသင်းခိုင်က စစ်ကိုင်းတိုင်းဒေသကြီးမှ နန်းငယ်ငယ်ထူးကိုလည်းကောင်း၊ မွန်ပြည်နယ်မှ ကြည်လဲ့လဲ့ဦးက ကရင်ပြည်နယ်မှ ပပဝင်းကိုလည်းကောင်း၊ အမျိုး သမီး(၅၄) ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ နန်းသန္တာသိမ့်က ဧရာဝတီတိုင်းဒေသကြီးမှ နော်သီရိစန္ဒာကိုလည်းကောင်း၊ အမျိုးသမီး (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ချမ်းပြည့်စိုးက ကရင်ပြည်နယ်မှ နန်းအေးသန္တာအောင်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ သွယ်ဇင်ယွန်းက မွန်ပြည်နယ်မှ ငြိမ်းအေးသူကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ကိမ်ရှန်းဒိတ်ဆန်က မန္တလေးတိုင်းဒေသကြီးမှ အိအိထွေးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ နန်းစုနွယ်က တနင်္သာရီတိုင်းဒေသကြီးမှ မာလာစိုးကိုလည်းကောင်းအနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ခြောက်ဂိုး- တစ်ဂိုးဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ခြောက်ဂိုး- တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ကြည့်ရှုအားပေး

ယနေ့ ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဆုတံဆိပ်များ ရရှိမှုအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီးက ရွှေတစ်ခု၊ မွန်ပြည်နယ်က ရွှေတစ်ခု၊ ကရင်ပြည်နယ်က ငွေတစ်ခု၊ ရခိုင်ပြည်နယ်အသင်းက ငွေတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးက ကြေးတစ်ခုနှင့် မန္တလေးတိုင်းဒေသကြီးက ကြေးတစ်ခု၊ မသန်စွမ်းအားကစားနည်းပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီးက ရွှေ ၁၁ ခု၊ ငွေ ငါးခု၊ ကြေးလေးခု၊ ပဲခူးတိုင်းဒေသကြီးက ရွှေရှစ်ခု၊ ငွေ ငါးခု ၊ ကြေး ခုနစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးက ရွှေ ခုနစ်ခု၊ ငွေ ခုနစ်ခု၊ ကြေး ငါးခု၊ မန္တလေးတိုင်းဒေသကြီးက ရွှေ လေးခု၊ ငွေ ကိုးခု၊ ကြေး ၁၁ခု၊ မွန်ပြည်နယ်က ရွှေ လေးခု၊ ငွေ ခုနစ်ခု၊ ကြေး လေးခု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်က ရွှေ လေးခု၊ ငွေ ငါးခု၊ ကြေးခြောက်ခုတို့ကို ဆွတ်ခူးရရှိထားကြကြောင်း သိရသည်။

သတင်းစဉ်