Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၅

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ကြက်တောင်ပြိုင်ပွဲများကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ အမျိုးသားကြက်တောင်ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၃ ပွဲ - ၁ပွဲ၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကချင်ပြည်နယ် အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲ-၂ ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကယားပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ- ၁ ပွဲ၊ ချင်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲ- ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်း ကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၁ ပွဲ၊ မွန် ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၂ ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ၃ ပွဲ- ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးကို ၃ ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

ခရစ်ကတ်ပြိုင်ပွဲများကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်ကွင်း (၁/၂)၌ ကျင်းပရာ အမျိုးသားခရစ်ကတ်ပြိုင်ပွဲတွင် ပြည်ထောင်စ နယ်မြေနေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရှစ်ယောက်အသာဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၄၈ မှတ်အသာဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃၆ မှတ် အသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၂၁ မှတ် အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ တွင် ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၀၉ မှတ်အသာဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၆၄ မှတ် အသာဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို ရှစ်ယောက်အသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို လေးယောက်အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ဘတ်စကက်ဘော ပြိုင်ပွဲများကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက တနင်္သာရီ တိုင်းဒေသကြီးအသင်းကို ရမှတ် (၅၇-၄၀) မှတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ် (၉၆-၅၄) မှတ်၊ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၆-၅၂) မှတ်၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် (၉၂-၄၃)မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကိုရမှတ် (၇၅-၆၅) မှတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဘော်လီဘောပြိုင်ပွဲများကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၃ ပွဲ- ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၃ ပွဲ- ၁ ပွဲဖြင့်လည်း ကောင်း၊ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ - ၁ပွဲ၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၃ ပွဲ - ၂ ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ဖူဆယ်ပြိုင်ပွဲများကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစား ရုံ၌ကျင်းပရာ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက ကရင် ပြည်နယ်အသင်းကို ၂ ဂိုး - ၁ဂိုး၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်းကို ၁ ဂိုး-ဂိုးမရှိ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၅ ဂိုး-၁ ဂိုး၊ မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ၁ ဂိုး-ဂိုးမရှိ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ဂိုး - ဂိုးမရှိဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့က ဂိုးမရှိသရေ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့က တစ်ဖက် ၁ ဂိုးစီ၊ ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၂ ဂိုး-ဂိုးမရှိ၊ မွန်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ဂိုး- ၁ ဂိုး၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲများကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံ၌ ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ပွဲ- ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို ၂ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲ- ၁ပွဲ၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ တနင်္သာရီတိုင်း ဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို ၂ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၂ပွဲ- ၁ ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသ ကြီးအသင်းကို ၂ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲ-၁ပွဲ၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ် အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကွားတားဖိုင်နယ်ပွဲစဉ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ- ၁ပွဲ၊ ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲ ပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲ ပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ပဲခူးတိုင်း ဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင် ရရှိခဲ့ကြသည်။

အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲများကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီးအသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄)တို့တွင် ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးအသင်းက ပဲခူးတိုင်းဒေသ ကြီးအသင်းကို ၃ ဂိုး - ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဘောဂဝတီ အားကစားကွင်းနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ကယားပြည်နယ်အသင်းတို့က ဂိုးမရှိသရေ၊ ကရင်ပြည်နယ် အသင်းနှင့် ရှမ်းပြည်နယ်အသင်း တို့က တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲများ ကျင်းပ

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲများကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ၃ ဂိုးပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့က တစ်ဖက် ၂ ဂိုးစီဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၂ဂိုး- ၁ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အမျိုးသား/သမီး နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းလက်ဝှေ့ရုံ၌လည်းကောင်း ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းမှစတင်၍ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်