Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ၏ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးရုံအတွင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်း၊ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) အသင်း၊ ဖူဆယ်အသင်းနှင့် ဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ရိုးရိုးသားသားကြိုးကြိုးစားစား အားကစား စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးကောင်းမွန်မှုရှိစေရေး စနစ်တကျနေထိုင်စားသောက် ရန်၊ ယခင်နှစ်ကရရှိထားသည့် အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေး အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားကာ အားကစားသမားများအတွက် အင်အားဖြည့်အစားအစာအတွက် ချီးမြှင့်ငွေပေးအပ်သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ပြေးခုန်ပစ်အားကစားနည်း ငါးမျိုးကိုအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားစုစုပေါင်း ၉၉ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်