Skip to main content

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

ရက်စွဲ ၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပ သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊  (၁၀)ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့်(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် အထူးကောင်းမွန်သည့် အကျိုးကျေးဇူးရလဒ်များအား ရယူ နိုင်ခဲ့ခြင်း၊ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခြင်းတို့အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)က အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)