Skip to main content

ကမ္ဘာသုံး အချက်ရေအကျောပေးစနစ်ကို မြန်မာနိုင်ငံအတွင်းရှိ ဂေါက်သီးအားကစားကွင်းများတွင် အသုံးပြုနိုင်ရေး တိုင်းတာပြီးစီးမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၇

မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ်ကဂေါက်ကွင်းများတွင် (World Handicap System) ခေါ် ကမ္ဘာသုံးအချက်ရေအကျောပေးစနစ်ကို မြန်မာနိုင်ငံအတွင်းရှိ ဂေါက်သီးအားကစားကွင်းများတွင် အသုံးပြုနိုင်ရေးအတွက် နေပြည်တော်အတွင်းရှိ City Golf Club နှင့် Royal Myanmar Golf Club တို့၌ Course Rating တိုင်းတာပြီးစီးမှုအစီရင်ခံစာ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Royal Myanmar Golf Club ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အချက်ရေ အကျောပေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ဝင်းက Course Rating ဆိုင်ရာတိုင်းတာခဲ့သည့် အချက်အလက်များနှင့်ပတ်သက်၍ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ City Golf Club နှင့် Royal Myanmar Golf Club တို့မှ တာဝန်ရှိသူများ၊ ဂေါက်သီးကွင်းအသီးသီးမှတာဝန်ရှိသူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် City Golf Club နှင့် Royal Myanmar Golf Club တို့မှ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက Course Rating အစီရင်ခံစာကို Royal Myanmar Golf Club နှင့် City Golf Club တို့မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အမျိုးသားအားကစားပွဲတော်မှာ ဂေါက်သီးအားကစားနည်းကိုလည်း ပါဝင်ထည့်သွင်းယှဉ်ပြိုင်ကြမည်ဖြစ်ရာ ဂေါက်သီးအားကစားကွင်းများအလိုက် ဂေါက်သီးကစားနည်းများ စနစ်တကျကျင်းပနိုင်ရေး ထိုသို့စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သတင်းစဉ်