နေပြည်တော် စက်တင်ဘာ ၂၇
၂၀၂၄ခုနှစ်၊တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ လူသစ်တန်း ၇၅ကီလိုအောက်၊ ၄၈ ကီလိုအောက်၊ ၈၄ ကီလိုအထက်ကုမိတဲ့'ပြိုင်ပွဲ၊ အကြီးတန်း ၅၅ ကီလိုအောက်၊ ၆၀ ကီလိုအောက်၊၊ ၆၇ ကီလိုအောက်'ကုမိတဲ့' ပြိုင်ပွဲကိုလည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ၁၀၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊အမျိုးသမီး တုတ်ထောက်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊အမျိုးသား/အမျိုးသမီး သံပြားဝိုင်းပစ် ပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသမီး ၇ မျိုးစုံ မီတာ၁၀၀တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊အမျိုးသား အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး ၇ မျိုးစုံ တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး ၇ မျိုးစုံ သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲများကိုလည်းကောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)တွင် အမျိုးသား/ အမျိုးသမီး အုပ်စုပတ်လည် ပွဲစဉ်များကိုလည်းကောင်၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအား ကစားရုံ(C)၌ အမျိုးသား ဗန်တိုအတိုက် ပြိုင်ပွဲ (က)တန်း၊ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက် ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသားဓားတစ်လက်အတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဓားတစ် လက်အတိုက်ပြိုင်ပွဲ (ခ) တန်း၊ အမျိုးသမီး ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီးဓားတစ်လက်အတိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် ၅၁ ကီလိုက အဆင့်၊ ၅၇ ကီလိုက အဆင့်၊ ၅၄ကီလို ၆၇ကီလို ၇၅ကီလို အလွတ်တန်းပြိုင်ပွဲ ၊ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ခ) အဆင့်ဘောလုံးပြိုင်ပွဲအဖြစ် ညနေပိုင်းတွင် လေ့ကျင့်ရေးကွင်း (၁) ၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုအသင်းအား ၈ ဂိုး ၁ ဂိုး ဖြင့်လည်းကောင်း ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းအား ၃ဂိုး ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။
အဆိုပါအားကစားပြိုင် ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။