နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေဘေးသင့်ခဲ့သည့် ဝန်ထမ်းများနေထိုင်ရာ တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်၊ မြို့လယ်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ မြို့ဦးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ နောင်သင်္ခါကျေးရွာနှင့် ကင်းသာလမ်းခွဲတို့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးဝင်းသူနှင့် တာဝန်ရှိသူများ သွားရောက်၍ ရေဘေးသင့်ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်