နေပြည်တော် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘော်ဘင်ရေလှောင်တမံ ရေပြည့်လျှံ၍ ဆည်ရေဖောက်ချမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေသည်ဟု မဟုတ်မမှန်သတင်းများအား တရားမဝင်ပြည်ဖျက်ပြည်ဖျက်မီဒီယာ Tharyarwaddy 8 City က ရေးသားထုတ်ဝေလျက် ရှိကြောင်း သိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဆည်မြောင်းဦးစီးဌာနအနေဖြင့် ယင်းကဲ့သို့ ဆည်ရေဖောက်ချခြင်းမရှိကြောင်း၊ လိုအပ်၍ ဆည်ရေများပြည့်လျှံပြီး ဖောက်ချရမည့်အခြေအနေဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့တင်ပြ၍ အသိပေးကြေညာချက်ထုတ်ပြန်ပြီး ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပြီးမှသာ ပြုလုပ်ရကြောင်း၊ မိမိတို့ သဘောဖြင့် ပြုလုပ်၍မရကြောင်းကို အဆိုပါသက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ သတင်းသည် နိုင်ငံတော်အစိုးရအပေါ် ပြည်သူလူထုကအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီးရေးသားခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်