ဇေယျာသီရိ စက်တင်ဘာ ၁၃
ဇေယျာသီရိမြို့နယ်၌ ဆင်သေချောင်းရေကျဆင်းလာသည့်အတွက် ပင်လောင်းလမ်းဆုံမှ ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ရရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ဆင်သေချောင်းရေမြင့်တက်လာပြီး ပင်လောင်းလမ်းဆုံမှ ကျောက်ချက်ကျေးရွာ၊ သစ်တပ်ကျေးရွာနားရှိ အေးမြင့်သာယာတံတားထိ ရေများလျှံတက်လျက်ရှိပြီး ယခု ယနေ့နံနက် ၆ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၌ ဆင်သေချောင်းပြန်လည်ကျဆင်းမှုကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်း ပင်လောင်းလမ်းဆုံးမှ အေးမြင့်သာယာတံတားထိ ရေများကျဆင်းသွားပါကြောင်း၊ ရေကျဆင်းမှုကြောင့် ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှုရရှိပါကြောင်းနှင့် ရေကြီးမှုကြောင့် ပင်လောင်းလမ်းဆုံမှ အေးမြင့်သာယာတံတားထိ နုန်းတင်မြေနုများ တင်ကျန်နေသည့်အတွက်ကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးခိုင်မင်းထွန်း၊ ဇေယျာသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့က ကားလမ်းမပေါ်တွင် တင်ကျန်နေသည့် နုန်းများအား ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် လျှပ်စစ်လမ်းခွဲမှ ကျောက်ချက်ကျေးရွာအတွင်းရှိ အိုင်စောက်ကျေးရွာအတွင်း ရေ ၃ ပေခန့်ရှိပြီး ကာကြီးများမောင်းနှင်ရရှိပြီး ကားသေးများ မောင်းနှင်၍မရကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)