Skip to main content

ဘိုကလေးမြို့နယ်တွင် လူငယ် ၄၀ ကျော် အဓမ္မစစ်သားစုဆောင်းခံရသည်ဟု မဟုတ်မမှန်လုပ်ကြံ ရေးသားဖြန့်ဝေနေ

နေပြည်တော် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ် ၄၀ ကျော် အဓမ္မစုဆောင်းခံရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက အများပြည်သူ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားလှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘိုကလေးမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများတွင် လူငယ်များကို အဓမ္မဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကိုပေါ်တာဆွဲခြင်း စသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူလူထုကြောက်ရွံ့ထိတ်လန့်စေရန် လုပ်ကြံရေးသားလျက်ရှိသည့်အတွက် နိုင်ငံတော်ပိုင်သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ၊ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများမှလည်း ဆွေးနွေးဟောပြောမှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူများအနေဖြင့် သိရှိလိုသည်များ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်း မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်ပြန်ပေးထားကြောင်း သိရှိရသည်။