ရန်ကုန် စက်တင်ဘာ ၁၁
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၀)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၄)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ကေတုမတီခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်ဦးစိုးတင့်၊ အဖွဲ့ဝင် သူရဦးဘိုနီ၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ပြည်တွင်းကျွမ်းကျင်ပညာရှင်များက လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းအတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ပို့ချဆွေးနွေးခဲ့ကြောင်း။
အရာရှိကြီးများအနေဖြင့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး အလုပ်တာဝန်ဝတ္တရားများကို ပြန်လည်ထမ်းဆောင်ရာတွင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ရရှိခဲ့သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူအတွက် “အား”ဖြစ်၍ နိုင်ငံအတွက် အရေးကြုံလာပါက အမြဲတမ်းအသင့်ရှိသည့် အခိုင်မာဆုံးသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်အောက်ဝန်ထမ်းများအတွက် အလုပ်နှင့်ဘဝ ဟန်ချက်ညီအောင် ဖန်တီးပေးပြီး ခါးဆက်မပြတ်စေရေးအတွက် လက်ဆင့်ကမ်းနိုင်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီး အမှူးသင်တန်း အမှတ်စဉ်(၁၀)သို့ သင်တန်းသား ၁၇ ဦး၊ သင်တန်း သူလေးဦး စုစုပေါင်း ၂၁ ဦးနှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် ၂၄ သို့ သင်တန်းသား ၂၃ ဦး၊ သင်တန်းသူ ၁၉ ဦး စုစုပေါင်း ၄၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်