နေပြည်တော် ဩဂုတ် ၂၇
ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၌ တရုတ်နိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
သတင်းစဉ်