Skip to main content

နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများစာရင်းအား တပ်မတော်က ကောက်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား

နေပြည်တော် ဩဂုတ် ၂၁

နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို တပ်မတော်က ကောက်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်း စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို ကောက်ယူခြင်းမရှိကြောင်းနှင့် အမျိုးသမီးများ စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ မည်သည့်ထုတ်ပြန်ကြေညာချက်မှ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။