နေပြည်တော် ဩဂုတ် ၈
ASEAN Sports Day အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အပြေးအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အားကစားသမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြေးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် ပြေးခုန်ပစ် အပြေးအားကစားပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး (မီတာ ၁၀၀ ပြိုင်ပွဲ၊ မီတာ ၄၀၀ ပြိုင်ပွဲ၊ မီတာ ၈၀၀ ပြိုင်ပွဲ၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း) ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နေမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများပေးအပ်ချီးမြှင့်ပြီး ပါဝင်ဆင်နွှဲခဲ့သူများကို အဆာပြေအအေးနှင့် မုန့်များပေးဝေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်