နေပြည်တော် ဇူလိုင် ၂၃
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဇူလိုင်လ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂ဝ၂၄ ခုနှစ် ဇူလိုင်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်တွင် ဒေါက်တာခင်မောင်ညို၊ K.M.A၊ မောင်ခင်ညို (မန်းတက္ကသိုလ်) တို့၏ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ နေသူရိန်၊ ညီမော်သိမ်း၊ ကိုကိုအောင် (အလုပ်သမား)၊ ရဲထက်ဇော်၊ အန်ကယ်စိုး၊ မြသိန်းတို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ ပါမောက္ခ ကိုကိုအောင်၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ထက်ဝေအောင် (စစ်ကိုင်း)၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ နွေကံ့ကော် (မြို့လှ)၏ အမုန်းစကားဆိုင်ရာ ဆောင်းပါး၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ စောနိုင် (အသုံးချ ဘောဂဗေဒ) တို့၏ စီးပွားရေးဆိုင်ရာဆောင်းပါးများ၊ ရန်ကုန်ဌေးဇော်၊ ဒေါက်တာမြင့်သန်း၊ မြသဲ (သုတေသန) တို့၏ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိန်ဝင်းမော်၊ စိန်ဝင်းနွယ်၊ ကိုရင်ကျော်၊ ဆောင်းဝင်းလတ်၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္ထုတိုနှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်းသရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉- ၄၄၉၅၄ဝ၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂-၄၀၃၁၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်