Skip to main content

ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၃

ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီးတို့က ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ လျှိုပိတ်ဆည်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးကြပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးလုပ်ငန်းဦးစီးဌာနကပံ့ပိုးသည့် ငါးသားပေါက် ၃၀၀၀၀ ကို ဆက်လက်စိုက်ထည့်ပေးကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရတနာတန်းဝင်ကျွန်းပင် ၄၅ ပင်၊ သရက်ပင် ၁၃၀၊ ပျဉ်းကတိုးပင် ၃၀၊ မဟော်ဂနီပင် ၃၀၊ စိန်ပန်းပင် ၄၀၊ မဲဇလီပင်၃၀၊ မန်ကျည်းပင်၃၀၊ ယူကလစ်ပင်၃၀၊ ပိတောက်ပင်၃၀၊ ခရေပင်၄၀၊ စစ်ပင် ၃၀၊ ကံ့ကော် ၁၀၊ ငုဝါ ၁၀နှင့် ရေတမာငါးပင် စုစုပေါင်းသစ်ပင် ၄၉၀ ကို စုပေါင်း စိုက်ပျိုးပေးကြသည်။

ထိုသို့ ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်