Skip to main content

သနပ်ပင်မြို့နယ် သနတ္တန်းကျေးရွာမှ လောင်းကစားဝိုင်းကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးနေသည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် သနတ္တန်းကျေးရွာမှ လောင်းကစားဝိုင်းတစ်ခုကို ဇွန် ၁၆ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများကဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးချိန်တွင် လောင်းကစားဝိုင်းကို လုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး၏ပေါင် ကျည်ထိမှန်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

ဖြစ်စဉ်အမှန်မှာ ဇွန် ၁၆ ရက် နံနက်ပိုင်းက သနတ္တန်းကျေးရွာတွင် ဒေသခံပြည်သူများ ကျားပိုက်ထောင်ငါးဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်ရာနေရာသို့ အကြမ်းဖက်သမား ခြောက်ဦး လက်နက်ငယ်များဖြင့် ရောက်ရှိလာပြီး ဒေသခံပြည်သူများထံမှ ငွေကျပ် ၁၀ သိန်း၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများ ကာလတန်ဖိုး ၆၈ သိန်းခန့်နှင့် ဆိုင်ကယ် သုံးစီးတို့ကို ယူဆောင်သွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများက ရွှေထည်ပစ္စည်းများ ယူဆောင်စဉ် ထွက်ပြေးရန်ပြုလုပ်သည့် ကျေးရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ရှပ်ထိပြီး ဝဲဘက်ပေါင်တွင် ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်နှင့် ကွဲလွဲနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်