Skip to main content

တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး ဇွန် ၁၀

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၃/၂၀၂၄) နှင့် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ထောက်ပံ့ပေးသည့် မော်တော်ဆိုက်ကယ်စက်ပြင်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပေးအပ်ကြသည်။

ထို့နောက် အခြေခံကွန်ပျူတာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သင်တန်းသူ သင်တန်းသားကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ သင်တန်းများကို မေ ၉ ရက်မှ ဇွန် ၉ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ လားဟူ၊ ကရင်၊ ကချင် စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ သင်တန်းသား ၄၀ တက်ရောက်သင်ကြားခဲ့ကြသည်။                  

သတင်းစဉ်