Skip to main content

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၇

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၄ ရက်မှ ၆ ရက်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ကျေးရွာနေပြည်သူ ၁၀၀ ခန့် ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်များတွင် ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ AA အကြမ်းဖက်သမားများက သံတွဲမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများကို လာရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဇွန် ၅ ရက်နှင့် ၆ ရက်တို့တွင် ဆင်ခေါင်းကျေးရွာမှ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင် ပြည်ဖျက်မီဒီယာများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် AA အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန် လုပ်ဆောင်လျက်ရှိသော်လည်း AA အကြမ်းဖက်သမားများ၏ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များအပေါ် နိုင်ငံတကာမှလည်း ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်