နေပြည်တော် ဇွန် ၇
၂၀၂၄ ခုနှစ် ဇွန် ၆ ရက်တွင် ကျရောက်သည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) တည်ထောင်မှု (၂၇) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။
အဆိုပါသဝဏ်လွှာအား အခြားသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ၏ သဝဏ်လွှာများနှင့်အတူ ဘင်းမ်စတက်အတွင်းရေးမှူးရုံး၏ တရားဝင်ဝက်ဘ်ဆိုက်၌ လွှင့်တင်ထားရှိသည်။
သတင်းစဉ်