Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် မေ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၁၈ - ၅ - ၂၀၂၄ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၆)၊ အမှတ်(၂၀)တွင် ကဆုန်လပြည့်နေ့၌ ဘုရားစုံဖူးကာ ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြသော တိုးတက်အောင်တို့ မိသားစုနှင့်သူ၏ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ကဆုန်ညောင်ရေသွန်းကြမည်” မျက်နှာဖုံးကာတွန်း၊ ညအခါကောင်းကင်ပြင်တွင် မြင်တွေ့ရသော ကြယ်ကြွေမှုများထဲမှ ထူးခြားဆန်းကြယ်သော ကြယ်တံခွန်များအကြောင်းကို ရေးဖွဲ့ထားသည့် “ကြယ်တံခွန်များ” သုတဆောင်းပါး၊ ကန်စွန်းဥကျေးရွာတွင် နေထိုင်သော လူတို့၏စရိုက်သဘာဝကို ရေးဖွဲ့ထားသော “ကန်စွန်းဥကျေးရွာက လူတွေအကြောင်း” နှစ်မျက်နှာကာတွန်း၊ အပေါင်းအသင်းမှားယွင်းပါက လွန်စွာဒုက္ခရောက်နိုင်ကြောင်း သင်ခန်းစာရဖွယ် ရေးဖွဲ့ထားသည့် “အပေါင်းအသင်းရွေးချယ်ပါ” ဝတ္ထု၊ ကြက်ဥနှင့် ဘဲဥတို့ကို ကြော်တတ်၊ ပြုတ်တတ်သော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိပါက မည်သည့်အသက်အန္တရာယ်နှင့် ကြုံတွေ့ပါစေ အသက်ဘေးမှ လွတ်မြောက်နိုင်ကြောင်းရေးဖွဲ့ထားသည့် “မောင်ဇွဲရဲ့လုံ့လအကျိုး” ပုံပြင်၊ သတ္တဝါများအနေဖြင့် မတူညီသော ကိုယ်လက်အင်္ဂါများရှိကြသော်လည်း သူ့နေရာနှင့်သူ အကျိုးရှိရှိအသုံးပြုပါက မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်နိုင်ပုံကို ရေးဖွဲ့ထားသည့် “သဘာဝ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို မကောင်းကြံပါက ယင်းမကောင်းမှုဒဏ်ကို မိမိသာပြန်ခံရတတ်ကြောင်း ရေးဖွဲ့ထားသည့် “ဖြိုးရဲ- သူများ မကောင်းကြံကိုယ်သာခံ” နှစ်မျက်နှာကာတွန်း၊ တိုက်ခန်းငှားရမ်းနေထိုင်သူနှင့် တိုက်ခန်းပိုင်ရှင်တို့အကြား တိုက်ခန်းရေယိုနေသည့် ပြဿနာနှင့်ပတ်သက်၍ ညှိနှိုင်းပြောဆိုပုံအမျိုးမျိုးကို တင်ဆက်ထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ကလေးလက်ရာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံစုံ လင်လင်ဖြင့် ထွက်ရှိပြီဖြစ်ရာတစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်