Skip to main content

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် Grade-7 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူများ ကြိုတင်လေ့လာ သင်ယူနိုင်ရန် သင်ခန်းစာများကို ထုတ်လွှင့်ပြသပေးမည်

နေပြည်တော် ဧပြီ ၇

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ခန်းစာများကို ကြိုတင်လေ့လာသင်ယူနိုင်ရန်အတွက် MWD Education, Knowledge & Sports Channel နှင့် ပြန်ကြားရေးဝန်ကြီး ဌာန၏ Education Channel တို့တွင် ဧပြီလ ၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ Grade-7 သင်ခန်းစာများကို နံနက် ၇ နာရီမှ ၇ နာရီခွဲအချိန်နှင့် ညနေ ၆ နာရီမှ ၆ နာရီခွဲအချိန်တွင်လည်းကောင်း၊ Grade-10 သင်ခန်းစာများကို နံနက် ၈ နာရီမှ ၈ နာရီခွဲအချိန်နှင့် ည ၇ နာရီမှ ၇ နာရီခွဲအချိန်တွင်လည်းကောင်း နေ့စဉ်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်အသိပေးအပ်ပါသည်။

သတင်းစဉ်