Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသားကျောင်းသူများ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ လေ့လာရေးခရီး သွားရောက်

သန်လျင် ဧပြီ ၃

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တတိယနှစ်နှင့် စတုတ္ထနှစ်သင်တန်းများမှ ကျောင်းသား ကျောင်းသူ ၉၂ ဦးတို့သည် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ဦးဆောင်၍ သင်တန်းရေးရာဌာနမှဌာနမှူးနှင့် မော်ကွန်းထိန်း၊ အထူးပြု ဘာသာရပ်ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာမများ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သို့ လေ့လာရေးခရီး ရောက်ရှိရာ အသင်းချုပ်မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ယင်းနောက် လေ့လာရေးခရီး ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား UMFCCI ၏ မင်္ဂလာခန်းမ၌ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် သမဝါယမနှင့် စီမံ ခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်းကလေ့လာရေးခရီး လာရောက်ရခြင်းရည်ရွယ်ချက်ကိုပြောကြားပြီး အသင်းချုပ် ဥက္ကဋ္ဌနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ဖလှယ်၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အသင်းချုပ် Highlight Video ပြသပြီး အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က “UMFCCI for Private Sector Development” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားရာ ကျောင်းသား ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ယင်းနောက်အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး လေ့လာရေးခရီး လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများက အသင်းချုပ်၏ဌာနများသို့လှည့် လည်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်