Skip to main content

ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် မတ် ၂

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ဆူးဖြူသာသနာ့ရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၈၆ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၂၇ ပါး နှင့် ဒေသခံပြည်သူ ၅၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultra- sound စက်တို့ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်‌ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်