နေပြည်တော် ဖေဖော်ဝါရီ ၁၅
“သောင်းကျန်းသူအဖွဲ့များက ၎င်းတို့ကြီးစိုးတဲ့ နယ်မြေများမှာ အသက် ၁၅ နှစ်မှ အသက် ၅၀ နှစ်ကြား အမျိုးသားရော၊ အမျိုးသမီးပါ တစ်အိမ်ကို ၁ ယောက်၊ ၂ ယောက်နှုန်းနဲ့ မဖြစ်မနေ အတင်းအကြပ် စုဆောင်းနေတဲ့ ဗွီဒီယိုမှတ်တမ်းသက်သေများကို နိုင်ငံသားတိုင်း တွေ့မြင်ကြပြီးဖြစ်ပါတယ်။ NUG အနေနဲ့ ထိုအချိန်တုန်းက မည်သည့်အသံမှမထွက်ခဲ့ဘဲ နိုင်ငံတော်မှ ပြည်သူတွေစစ်မှုထမ်းဖို့ ဥပဒေနဲ့အညီထုတ်ပြန်မှသာ ၎င်းတို့အနေနဲ့ စိုးရိမ်ကြောက်ရွံ့ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူများကို ခြိမ်းခြောက်တဲ့စကားများကို ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံသားတိုင်း၊ နိုင်ငံချစ်စိတ်ရှိတဲ့နိုင်ငံသားတိုင်းက မည်သူတစ်ဦးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုများကိုမှ ဂရုမပြုဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေကို မိမိတို့ကျရာအခန်းကဏ္ဍကနေ ကျေပွန်စွာထမ်းဆောင်ကြဖို့လိုကြောင်း” အသိပေးအပ်ပါသည်။