Skip to main content

ပြည်သူ့စစ်မှုထမ်းဥပဒေ တရားဝင်မှုမရှိကြောင်း အကြမ်းဖက် NUG ပြောဆိုသည်ဟု သွေးထိုးလှုံ့ဆော်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

“ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ၁၉၅၈ ခုနှစ်ကတည်းက ရေးဆွဲထားတဲ့ဥပဒေဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ အဆိုပါဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကော NLD အစိုးရကာလများမှာပါ ဥပဒေအဖြစ်တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၀-၂-၂၀၂၄ ရက်မှသာ အဆိုပါရှိပြီးသားဥပဒေကို စတင်အသက်သွင်းခဲ့တာဖြစ်ပြီး စတင်အကောင်အထည်ဖော်ရခြင်း ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းထားတဲ့အတွက် ဥပဒေနဲ့ အကျုံးဝင်တဲ့သူတွေဟာ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ဥပဒေအရ ယာယီရွှေ့ဆိုင်းခွင့် ရှိတဲ့အတွက် အဆိုပါကာလပြီးရင်လည်း သတ်မှတ်ကာလအထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံသားများအနေနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေးစွမ်းအား ခိုင်မာဖို့၊ နိုင်ငံနှင့်တစ်ဝန်း တည်ငြိမ်အေးချမ်းဖို့၊ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်နိုင်ဖို့နဲ့ အကြမ်းဖက်အဖွဲ့များနဲ့ သောင်းကျန်းသူအဖွဲ့များဖော်ဆောင်နေတဲ့ စစ်ဘုရင်ဝါဒ၊ သူတစ်လူ ငါတစ်မင်း အကျင့်ဆိုးတွေကိုလက်မခံဘဲ တိုက်ဖျက်နိုင်ဖို့ စစ်မှုထမ်းဥပဒေကို ထောက်ခံပြီးပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း” အသိပေးအပ်ပါသည်။