နေပြည်တော် ဖေဖော်ဝါရီ ၁၅
“ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ဖို့အကျုံးဝင်တဲ့ နိုင်ငံသားတိုင်း တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပုဒ်မ(၁၅)အရ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ဖို့အတွက် ယာယီရွှေ့ဆိုင်းခွင့်ရှိပါတယ်။ သို့သော် တစ်နေ့နေ့တစ်ချိန်ချိန်မှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အချိုးကျစနစ်ဖြင့် ပါဝင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ထိုဝန်ထမ်းများ အတွက်လည်း စစ်မှုထမ်းဆောင်တဲ့ကာလကို ၎င်းရဲ့ဝန်ထမ်းလုပ်သက်အတိုင်း သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အကန့်အသတ်နဲ့သာ စစ်မှုထမ်းဆောင်စေမှာဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ယှဉ်ပါက မြို့နယ်တစ်ခုလျှင် ပျမ်းမျှ ၁ ဦး၊ ၂ ဦးသာ အလှည့်ကျ တာဝန်ထမ်းဆောင်ရမှာ ဖြစ်သည့်အတွက် စိတ်ပူပန်စရာမရှိပါဘူးကြောင်း” အသိပေးအပ်ပါသည်။