နေပြည်တော် ဖေဖော်ဝါရီ ၁၄
ကျောင်းသားလူငယ်များ စီးပွားရေးဆိုင်ရာ အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်၊ အနာဂတ်တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေး အဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မက်ခရိုဘောဂဗေဒ ညွှန်းကိန်းများဆိုင်ရာ ဟောပြောပို့ချခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က မက်ခရို ဘောဂဗေဒညွှန်းကိန်းများနှင့် ပတ်သက်သည့် သိကောင်းစရာများကို ဆွေးနွေးဟောပြောပြီး Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာ နုနုလွင်က ဦးသန်းဇော်အား အမှတ်တရဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။
သတင်းစဉ်