Skip to main content

ကလေးမြို့နယ်၌ တပ်မတော်မှ အမျိုးသား ၄၀ ကျော် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်လာကြောင်း ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ဘုံတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက်က အမျိုးသား ၄၀ နီးပါးကို တပ်မတော်က ဖမ်းဆီးသွားကြောင်းနှင့် ဖေဖော်ဝါရီ ၂ ရက်ကလည်း ကလေးမြောက်ပိုင်း၊ ကျီကုန်းရွာ၌ သီရိလင်္ကာဘုန်းကြီးကျောင်းတွင် ဒကစမှူးကိုယ်တိုင်ဆင်းကာ ပြည်သူ့စစ်အတွက် လူအင်အား ၄၀ မဖြစ်မနေပေးရန်တောင်းသွားသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

အထက်ပါ သတင်းနှင့်ပတ်သက်၍ ကလေးမြို့လုံခြုံရေးတာဝန်ခံအရာရှိတစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၂ ရက်တွင် တပ်မတော်မှ ဘုံတောကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်း၊ အမျိုးသား ၄၀ ကို ဖမ်းဆီးသည် ဆိုသည်မှာလည်းသတင်းမှားသာ ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် ကျီကုန်းရွာ သီရိလင်္ကာဘုန်းကြီးကျောင်းတွင် ဒကစမှူးက ပြည်သူ့စစ်အဖွဲ့ ဝင်များနှင့်သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်မှုကို ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံသတင်းများ လုပ်ကြံရေးသား ဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်