နေပြည်တော် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၌ လားရှိုးပြည်သူ့စစ် (ဌာနေ) အဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ပြည်ထောင်စုအားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်ချုပ် နိုင်နိုင်ဦး က သင်တန်းဆင်းအမှာစကားပြောကြားပြီး လက်နက်များ တပ်ဆင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဒုတိယတိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို လက်နက်များအပ်နှင်းပေးပြီး သင်တန်းထူးချွန်ဆုနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲဝင်များ၏ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။