Skip to main content

ဝါးခယ်မမြို့နယ်တွင် ပြည်သူများအား စစ်သင်တန်းတက်ခိုင်းရန်နှင့် လုံခြုံရေးတပ်ဖွဲ့များတွင် အင်အားဖြည့်တင်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ရှိလူစာရင်းများကို လိုက်လံကောက်ယူနေကြောင်း သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီလ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များမှ မိသားစုဝင်အရေအတွက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကောက်ယူနေကြောင်း၊ အဆိုပါကောက်ယူမှုများသည် ပြည်သူများအား အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းရန်နှင့် လုံခြုံရေးတပ်ဖွဲ့များတွင် အင်အားဖြည့်တင်းရန်အတွက် အိမ်ရှိလူစာရင်းများကို လိုက်လံကောက်ယူနေခြင်းဖြစ်ကြောင်း သတင်းတု၊ သတင်းမှားများကို ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းမြို့နယ်တွင် နောက်ဆုံးအခြေအနေနှင့် လူဦးရေစာရင်းတိကျမှန်ကန်မှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများလိုက်ပါ၍ အိမ်တည်နေရာမှတ်တမ်းတင်ခြင်း၊ အိမ်ရှိ လူစာရင်းမှတ်တမ်းတင်ခြင်း၊ လုပ်ငန်းစဉ်များအား ပုံမှန်အတိုင်းဆောင်ရွက်နေခြင်းသာဖြစ်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက နိုင်ငံတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသည့် မြို့၊ ရွာ၊ ဒေသများမှ ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းတု၊ သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။