Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ မဟာဒက္ခိဏရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတို့အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်

နေပြည်တော် ဖေဖော်ဝါရီ ၅

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထုတ်ပြန်ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာ၊ မဟာဒက္ခိဏရာမကျောင်းတိုက်၌ သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်းထိုင်ဆရာတော် ဥူးဝိသူရ (၃၃) နှစ်၊ ဝါတော် (၁၄) ဝါနှင့် ကပ္ပိယဖြစ်သူ ဦးစန်းမောင်တို့ ၂ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို ယခုကဲ့သို့ သတ်ဖြတ်နေမှုများအား ပြည်သူတစ်ရပ်လုံးမှ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။