Skip to main content

ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာမှ သံဃာတော် ၆ ပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီလ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂ ရက်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြန်သွားချိန် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အဆိုပါဘုန်းကြီးကျောင်းမှ သံဃာတော် ၆ ပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နန်းပရုပ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲခဲ့ခြင်းမရှိသလို၊ သံဃာတော်များကိုလည်း ဖမ်းဆီးခြင်းမရှိပါကြောင်း သိရှိရသည်။

ပုလောမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ကောလာဟလသတင်းများဖြင့် သွေးထိုးလှုံ့ဆော်ပြီး နယ်မြေတည်ငြိမ်မှုပျက်ပြားစေရန်အတွက် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။