နေပြည်တော် ဖေဖော်ဝါရီ ၁
စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လူမှုရေးတာဝန်သိမှုနှင့်ပတ်သက်သည့် အသိပညာတိုးပွားစေရန်ရည်ရွယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးတာဝန်သိမှု (Corporate social responsi- bility - CSR) အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆) ရှိ ရတနာခန်းမ၌ ကျင်းပသည်။
တက်ရောက်
အလုပ်ရုံဆွေးနွေးပွဲသို့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဆောင်ရွက် နေသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူ များ၊ စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောအဖွဲ့အစည်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပြီး မိမိတို့အလုပ်တာဝန်ဝတ္တရားများကိုကျေပွန်စွာထမ်းဆောင်နိုင်ကြစေရန်ရည်ရွယ်၍ယနေ့အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး အောင်မြင်မှုအကျိုးရလဒ်များ ရရှိခံစားကြရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးသည် အဖွဲ့အစည်းတိုင်းအတွက် မဖြစ်မနေဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေး
ဆက်လက်၍အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များက လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ လုပ်ငန်းစဉ်များ၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့်လုပ်ငန်း များစီမံခန့်ခွဲမှုစနစ် (Digitalization and WorkflowManagement System)၊ လူမှုရေးတာဝန်သိမှု(Corporate social responsibility – CSR) တို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် လာသူများက လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု နှင့်ပတ်သက်၍ Prioritize Human Capital in your organization ခေါင်းစဉ်ကိုလည်းကောင်း၊ လူမှုရေးတာဝန်သိမှု (CSR) နှင့်ပတ်သက်၍ Who is CSR the most important to? ခေါင်းစဉ်ကိုလည်းကောင်းအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်အမြင်ချင်းဖလှယ်ဆွေးနွေးမေးမြန်းခဲ့ကြပြီးတက်ရောက်လာသည့် ပညာရှင်များက ဖြည့်စွက်ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီးနိဂုံးချုပ်အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
သတင်းစဉ်