Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အာဆီယံ - တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ အခမ်းအနား သို့ တက်ရောက်ရန်တရုတ်နိုင်ငံသို့ထွက်ခွာ

ရန်ကုန် ဇန်နဝါရီ ၃၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဖူးကျန့်ပြည်နယ် ဖူကျိုးမြို့၌ ဖေဖော်ဝါရီ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် အာဆီယံ - တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ အခမ်းအနား သို တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Pan Feng နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့်အဖွဲ့ဝင်တစ်ဦး လိုက်ပါသွားကြောင်း သိရသည်။

သတင်းစဉ်