နေပြည်တော် ဇန်နဝါရီ ၃၁
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟုမ်းကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ တပ်မတော်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူခုနစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ မြေပြင်သတင်းပေးပို့ချက်များနှင့် ပလက်ဝမြို့နယ်မှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ ၎င်းရက်နေ့တွင် ပလက်ဝမြို့နယ်အတွင်း လေကြောင်းဗုံးကြဲမှု မရှိပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး ပြည်ဖျက် မီဒီယာများမှ တပ်မတော်အား မဟုတ်မမှန် သတင်းများဖြင့် ဂုဏ်သိက္ခာ ကျဆင်းလာစေရန်၊ တပ်မတော်နှင့် ဒေသခံပြည်သူများအကြား အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်