Skip to main content

စစ်ကိုင်းမှ မန္တလေးသို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ရထားသံလမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၂၉

စစ်ကိုင်းမြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အမှတ် 8D/7664 နှင့် 4f/4178 ကုန်တင်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် မြန်မာ့မီးရထား၊ ဌာနပိုင်ရထားသံလမ်းနှင့် သံလမ်းထိန်းကလစ်များအား လုံခြုံရေးပူးပေါင်းအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ရတနာပုံတံတားအဆင်း အမရပူရမြို့နယ်အတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဌာနပိုင်ပစ္စည်း များမှာ ၇၅ ပေါင် ရထားသံလမ်းအရှည်၊ အတိုဆိုဒ်မျိုးစုံ ၁၇၁ ချောင်း၊ စုစုပေါင်း အရှည် ၅၂၄ ပေနှင့် ရထားသံလမ်းထိန်း ကလစ် ၃၆၀၀ ဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၁ သိန်းခန့်ဖြစ်သည်။ ဖမ်းဆီးရမိတရားခံ သုံးဦးအားဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်