Skip to main content

ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူ များက ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများအပါအဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

၂။ ထိုသို့ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထား ကိုးကွယ်နေကြ သည့် ဘုရားစေတီများ၊ ရုပ်ပွားတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများအား ပိန္နဲကုန်းရခိုင်ဂျာမေဗလီက ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ပိန္နဲကုန်းရခိုင်ဂျာမေဗလီ