ဗန်းမော် ဇန်နဝါရီ ၁၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုများအား ကန့်ကွက် ရှုတ်ချပွဲကိုဇန်နဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ရာတွင် ဗန်းမော်မြို့အောင်သာရပ်ကွက်၊ ဗလမင်းထင် ဂေါက်ကွင်းရှေ့လမ်းမကြီးပေါ်၌ စုရပ်ပြုလုပ်ကြပြီး ဗန်းမော်မြို့ နောင်ခိုရပ် ကွက်နေ ဦးကျော်ဇင်စိုး ဦးဆောင်၍ လူရဟန်း သံဃာသီလရှင်အင်အား ၇၀၀ ဦးခန့်တို့ဖြင့် ဗန်းမော်မြို့မှဗိုလ်ချုပ်ကြီးလမ်းမ အတိုင်းထွက်ခွာခဲ့ပြီးညောင်ပင်ရပ် ကွက်ရှိဘောလုံးကွင်း(စုရပ်) နေရာသို့ရောက်ရှိလာပြီး ကြွေးကြော်သံများနှင့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ဗုဒ္ဓဘာသာ စေတီပုထိုးများ၊ ဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချကြောင်းကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆက်လက်၍ ကန့်ကွက်ရှုတ်ချပွဲသို့တက်ရောက်လာသည့် လူရဟန်း သံဃာသီလရှင်တို့က ဗုဒ္ဓဘာသာစေတီပုထိုးများ၊ ဆင်းတုတော်များဖျက်ဆီးနေသည့် အကြမ်းဖက်သောင်း ကျန်းသူများ၊ မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချကြောင်း ဟောပြောကာဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ စေကြောင်း ဗုဒ္ဓသာ သနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍နံနက် ၉ နာရီခွဲခန့်တွင်အသီးသီး လူစုခွဲသွားကြ ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်