မိုးညှင်း ဇန်နဝါရီ ၁၇
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးစော်ကားမှု များအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် (၈)နာရီခွဲက မိုးညှင်းမြို့ မြို့မရပ်ကွက်၊ သိမ်အင်းရပ်ရှေ့ ပန်းခြံအနီး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင်ပါဝင်သည့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များက ဗုဒ္ဓဘာသာစေတီ ပုထိုးများ၊ ဆင်းတုတော်များအား ဖျက်ဆီးနေ သည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချကြောင်း ပိုစတာများကိုင်ဆောင်ကာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများအား ဖျက်ဆီးသူအကြမ်းဖက်သမားများအား (ဆန့်ကျင်ကြ)၊ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော် များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား (ဆန့်ကျင်ကြ) အစရှိသည့် ကြွေးကြော်သံများ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ ကန့်ကွက်ရှုတ်ချပွဲကို သံဃာတော်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၆၀၀) ခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြေ