မန္တလေး ဇန်နဝါရီ ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အောင်မြေသာစံမြို့နယ် ရပ်ကွက် ၁၉ ရပ်ကွက်မှ မဲဆန္ဒရှင် ပြည်သူ ၆၅၀၊ ပုသိမ်ကြီးမြို့နယ် ရပ်/ ကျေး ၂၉ ခုတို့မှ မဲဆန္ဒရှင်ပြည်သူ ၄၁၀ စုစုပေါင်း ၁၀၆၀ က လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။
အဆိုပါ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်းရှိ မြို့နယ်များ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်