ရွှေဘို ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌၊ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအားဖျက်ဆီး စော်ကားနေ သည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရှုတ်ချပွဲတွင် ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာနေ ပြည်သူတစ်ဦးမှ ဦးဆောင်၍ အင်အား(၄၀၀)ခန့်သည် ကျေးရွာ အ.လ.ကတွင် ငြိမ်းချမ်းစွာဆုဝေးပြု၍ ရွာလယ်လမ်းအတိုင်း စီတန်းလှည့်လည်ကာ ဘာသာအကျိုးတို့သယ်ပိုး၊ မိစ္ဆာဟူသမျှရှင်းလင်းကြ၊ ဗုဒ္ဓဘာသာဝင် များကိုးကွယ် အထွဋ်အမြတ်ထားရာ ဘုရားဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာသောင်းကျန်းသူများအား ဆန့်ကျင်ကြ၊ အမျိုးဘာသာသာသနာအား ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိစသည့်ကြွေး ကြော်သံများဖြင့်ကြွေးကြော်ကာ အဆိုပါစာသားပါ ဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ၊ သာသနာ့အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ရွန်းတက်ရတနာဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်းဟောပြော၍ ကန့်ကွက်ရှုတ်ချပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အေးမြင့်စန်း