ပန်ဆောင် ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှုအထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို စျေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ ရိုးရာချည်နှင့်ပုတီးများကိုဝယ်ယူပြီး ပန်ဆောင်မြို့တွင် မိမိအိမ်၌ရက်လုပ်ကာ ရိုးရာအသုံး အဆောင်များဖြစ်သည့် ရိုးရာခြုံဆောင်၊ တဘက်(မာဖလာ)၊ လွယ်အိတ်၊ လည်ဆွဲပုတီး၊ တောဝက်စွယ်ဖြင့် ပြုလုပ်ထားသည့် ပုတီး၊ ဝါးခွက်၊ ဝါးဘူး၊ ရိုးရာလုံချည်၊ ပုဆိုး၊ လက်ကောက်၊ ရိုးရာအင်္ကျီဝတ်စကုတ် စသည့်ရိုးရာအသုံး အဆောင်ပစ္စည်းများကို ရိုးရာပွဲအတွင်း ရောင်းချပေးမည်ဖြစ်ပြီး ရိုးရာပွဲအပြီးတွင်လည်း ပန်ဆောင်မြို့ကွင်း၌ ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဆက်လက်ရောင်းချသွားမည်ဟု ဒေါ်ကော့ညွန်း(မ်)က ပြောသည်။
ဂျာယော်(ပန်ဆောင်)