Skip to main content

ပုသိမ်မြို့၌ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကျင်းပ

ပုသိမ်       ဇန်နဝါရီ        ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာစေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအားဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် သံဃာတော်များနှင့်ဒေသခံပြည်သူ(၁၀၀၀)ကျော်တို့က အမှတ်(၅) ရပ်ကွက်၊ ဖက်တန်းလမ်း၊ မရမ်းချိုဘုန်းတော်ကြီးကျောင်းရှေ့မှ စတင်၍ ဗုဒ္ဓဘာသာစော်ကား ဖျက်စီးနေကြသည့် မိစ္ဆာများအား(ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့်ဗုဒ္ဓဆင်း တုတော်များအားဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနဲ့ သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဒို့ဘာသာ ဒို့သာသနာ ဒို့ယဉ်ကျေးမှုဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ-အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများအား (အလိုမရှိ-အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကား နေသည့် အကြမ်းဖက် သမားများ(ကျဆုံးပါစေ-ကျဆုံးပါစေ)၊ စေတီပုထိုးဆင်းတု တော်များအား ဖျက်ဆီးနေသည့်အကြမ်းဖက်မိစ္ဆာများ (ကျဆုံးပါစေ-ကျဆုံးပါစေ) စသည့်စာသားများပါ ဆိုင်းဘုတ် များနှင့် သာသနာ့အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများကြွေးကြော်ပြီး မရမ်းချိုလမ်း၊ ရွှေစေတီလမ်း၊ ကမ်းနားလမ်း အတိုင်းစီတန်းလှည့်လည်ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် Ocean Center ရှေ့ရှိ ရှုခင်းသာရင်ပြင်၌ စုရုံးစီတန်းပြီး နိုင်ငံတော်အလံအလေးပြု ခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ကြွေးကြော်သံများသံပြိုင်ရွတ်ဆိုခြင်း၊ ဆရာတော်ဥူးပညာဝံသ (မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ)နှင့် မပုတု(အမျိုးသားရေးတက်ကြွလှုပ်ရှားသူ)တို့မှ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်းဟောပြောခြင်း၊ဧရာဝတီအမျိုးသားရေးညွန့်ပေါင်းအဖွဲ့မှ သဘောထားထုတ်ပြန် ကြေငြာချက်ဖတ်ကြားခြင်း၊ ဇာတိမာန်သီချင်းများ သံပြိုင်ရွတ်ဆိုခြင်းများဆောင်ရွက်၍ ကန့်ကွက် ရှုတ်ချပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။