နေပြည်တော် ဇန်နဝါရီ ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာရှိ မစောနန်းဌေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မစိုးစိုးဌေး၊ မမာမာ(ခ)ဝါဝါဦးတို့အား တွေ့ရှိပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၇၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နမ့်စန်မြို့နယ် နမ့်မော်ခေါက်ဆင့်ကျေးရွာအနီးတွင် ကျော်ကျော်လင်း(ခ)စိုင်းရွက်လူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အိုက်စ်နှစ်ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်