Skip to main content

ရွှေဘိုမြို့၌ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကျင်းပ

ရွှေဘို ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌၊ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယ​နေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရှုတ်ချပွဲတွင် ​ရွှေဘိုမြို့အမှတ်(၄)ရပ်ကွက်၊ အောင်​ဇေယျရပ်နေ ပြည်သူတစ်ဦးမှ ဦးဆောင်၍ အင်အား(၂၅၀)ခန့်သည် အမှတ်(၁၀)ထူ​ထောင်​ရေးရပ်ကွက်၊ ရန်ကြီး​အောင်လမ်းနှင့် သံလမ်းဆုံအနီးရှိ ဦးအောင်​ဇေယျ​ကြေးရုပ်တုတွင် ငြိမ်းချမ်းစွာစုဝေးပြု၍ ရန်ကြီး​အောင် ကားလမ်းအတိုင်းစီတန်းလှည့်လည်၍ ဘာသာအကျိုးတို့သယ်ပိုး၊ မိစ္ဆာဟူသမျှရှင်းလင်းကြ၊ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်အထွတ်အမြတ်ထားရာ ဘုရားဆင်းတုတော်များကိုဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား ဆန့်ကျင်ကြ၊ အမျိုးဘာသာသာသနာအား ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိစသည့်ကြွေးကြော်သံများဖြင့်ကြွေးကြော်ကာ အဆိုပါစာသားပါဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ၊ သာသနာ့အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် အမှတ်(၂)ရပ်ကွက်၊ ကျုံးတော်တွင်းရပ်၊ ရန်ကြီးအောင်ပန်းခြံ၊ ဗိုလ်ချုပ်​ကြေးရုပ်​တုရှေ့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်း ဟောပြော၍ ကန့်ကွက်ရှုတ်ချပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။