ဇမ္ဗူသီရိ ဇန်နဝါရီ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းမ၌ ယနေ့မွန်းလွဲပိုင်းက ဆီအော ကျေးရွာအနီး၊ ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အားဖြိုချဖျက်ဆီး၍ ဗုဒ္ဓဘာသာဝင် ပြည်သူတစ်ရပ်လုံးကို စော်ကားသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြသည့် MNDAA အကြမ်းဖက်အဖွဲ့၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားသောလုပ်ရပ်အား ဆန့်ကျင်ကန့်ကွက် ရှုတ်ချပွဲအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲသို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မြန်မာ့အမျိုးသားရေးကွန်ရက်မှ အထွေထွေအတွင်းရေးမှူး နောင်တော်လေး (Myanmar National Post) ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းဌေးနှင့် ပြည်ထောင်စုနယ်မြေကော်မတီဝင်များ၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပျဉ်မနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်တူးအောင်၊ ပြည်ထောင်စုနယ်မြေ (၈) မြို့နယ်မှပါတီ ဥက္ကဋ္ဌများနှင့် ပါတီဝင်များ၊ သူရိယနေဝန်းဂျာနယ်မှ သတင်းထောက် ဒေါ်သဇင်ဦး၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရွှေစင်ဦးနှင့် အားပေးဝန်းရံသူများ၊ လယ်ဝေးမြို့၊ ရွှေအင်တောင်ကျောင်းတိုက်ဆရာတော် ဥူးဇနိန္ဒ၊ လယ်ဝေးမြို့၊ အောင်းကုန်းကျောင်းတိုက် ဆရာတော် ဥူးပညာသာမိ၊ အောင်လံမြို့၊ မျိုးဇာနည် ကျောင်းတိုက် ဆရာတော် ဥူးပုညနှင့် သံဃာတော်များ၊ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကန့်ကွက်ရှုတ်ချပွဲ အခမ်းအနားတွင် MNDAA အကြမ်းဖက်အဖွဲ့၏ စေတီတော်များအား ရိုက်ချိုးဖျက်စီးခဲ့သောလုပ်ရပ်နှင့် ပတ်သက်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁) မိနစ် ငြိမ်သက်ခြင်း၊ လယ်ဝေးမြို့၊ ရွှေအင်တောင်ကျောင်းတိုက်ဆရာတော် ဥူးဇနိန္ဒ၊ လယ်ဝေးမြို့၊ အောင်းကုန်းကျောင်းတိုက် ဆရာတော် ဥူးပညာသာမိ၊ မျိုးဇာနည် ကျောင်းတိုက် ဆရာတော် ဥူးပုညတို့က MNDAA အကြမ်းဖက်အဖွဲ့၏ စေတီတော်များအား ရိုက်ချိုးဖျက်စီးခဲ့သော လုပ်ရပ်နှင့်ပတ်သက်၍ ရှုတ်ချကန့်ကွက်သည့် ဩဝါဒမိန့်ခွန်းများဟောကြားခြင်း၊ အမျိုးသားရေးအဖွဲ့ (နေပြည်တော်) ဦးရွှေထားနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မြန်မာ့အမျိုးသားရေးကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး နောင်တော်လေး (Myanmar National Post) အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက MNDAA အကြမ်းဖက်အဖွဲ့၏ စေတီတော်များအား ရိုက်ချိုးဖျက်စီးခဲ့သော တိုင်းဖျက်၊ ပြည်ဖျက် သာသနာဖျက်၊ အကြမ်းဖက်အဖွဲ့များလုပ်ရပ်နှင့်ပတ်သက်၍ လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်းတို့နှင့် ပတ်သက်၍ဆွေးနွေး ဟောပြောခြင်း၊ အမျိုးသားရေးအဖွဲ့(နေပြည်တော်) ဦးသုမန က အမျိုးသားရေးအဖွဲ့(နေပြည်တော်) သဘောထားထုတ်ပြန်ကြေညာချက်အားဟောပြောခြင်း၊ MNDAA အကြမ်းဖက်အဖွဲ့အား အပြီးအပြတ်ခြေမှုန်းပေးရေး ဒို့အရေး၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများ ပပျောက်ရေး ဒို့အရေး၊ ပြည်သူတွေရဲ့ အသက်ကိုရောင်း ဒေါ်လာ တောင်းစားနေသည့် အကြမ်းဖက်သမား ပြည်ဖျက်မိစ္ဆာများ အလိုမရှိ၊ ဘာသာ သာသနာကို စော်ကား အောက်တန်းစား အကြမ်းဖက်ဝါဒီများ အလိုမရှိ စသည်တို့အား စုပေါင်းကြွေးကြော်ခဲ့ကြကာ ကမ္ဘာမကြေသီချင်းအား သံပြိုင်ရွတ်ဆိုပြီး ရှုတ်ချပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ကိုအောင် (ဇမ္ဗူသီရိ)