Skip to main content

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို တပ်မတော်စစ်ကြောင်းတစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကိုအကြောင်းမဲ့လာရောက်မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို ဇန်နဝါရီ ၁၂ ရက်နေ့ ယနေ့နံနက် ၇ နာရီအချိန် တပ်မတော်စစ်ကြောင်းတစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကိုအကြောင်းမဲ့လာရောက်မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ကြက်ရိုးကုန်းကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိလာပြီး လူသစ်စုဆောင်းခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများပြုလုပ်နေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက်သမားများက ကျေးရွာရှိလူနေအိမ်အချို့အား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့လူနေအိမ်များမီးရှို့ခြင်းကို မကြာခဏလုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက တပ်မတော်မှလုပ်ဆောင်သည်ဟု လုပ်ကြံရေးသားကာ ဒေသခံပြည်သူများမှ တပ်မတော်သားများအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။