Skip to main content

ပေါင်းတည်မြို့တွင် တပ်မတော်မှ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ညောင်လေးပင်မြို့၊ ရေဖြူကန်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ကျေးရွာရှိနေအိမ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှမီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၂၀ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက် ကျေးရွာအနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်မှု မရှိခဲ့ကြောင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများမှ ကျေးရွာရှိနေအိမ်များအား မီးရှို့ထွက်ပြေးသွားခဲ့ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ရေဖြူကန်ကျေးရွာသို့ တပ်မတော်မှပစ်ခတ်သည့် လက်နက်ကြီးကျည်သည် နာရေးပြုလုပ်နေသည့် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံပြည်သူ ၈ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဇန်နဝါရီလ ၅ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့များမှ ရေဖြူကန်ကျေးရွာအတွင်း Drone များအသုံးပြု၍ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အပြစ်မဲ့ပြည်သူအချို့သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာနေပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား အကြောက်တရားဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။